မကြင်သမျှ ခင်နှမ နဲ့ပက်သက်မှဖြင့်
ယခင်သံသယကိုတောင်
ကွမ်း လိုယောင်ဝါးလိုက်ချင်ပါရဲ့
မှားလိုက်ဝဋ်တွေ
အသိုက်ချွေ အခက်ချိုးသော်လည်း
အချစ်ပျိုး သည်ရင်ကြောမှာ
ပြစ်ကျောမျှ ထင်ဘူးခင်ရေ
သံလွင်လွင်ကမ်းဘက်
ဂန္ထဝင် ပန်းတစ်ခက်ကြောင့်
အလှမ်းခက်ထင်ဘူးကွယ်လေ
အနေတွေ ဘယ်လောက်ဝေး
အတွေးမှာ မှန်းကာဆ
တမ်းတလို့ဆွေးစိတ်မပြေ
မှေးမှိတ်မလေ
မျက်တောင်တို့မြေးယှက်ပြန်တော့
တွေးချက်က သူ့မျက်နှာ
လ ထိန်ထိန်သာ
အသွင်မှာ ပျော်ကာမြူးသော်လဲ
ဘွင်မှာ မောကာ မူးပါပေါ့
လူးလား ဘွင်မှာ
ဆူး ခါး ရင် ဗျာ
လ ..လွင်လွင်မှာ
ကြင်သူတွေ ပျော်ကာမြူးသော်လဲ
အလျင် ပျော်ကာမြူးချင်ပေါ့
သြော်
နှောက်ယှက်ဝဋ်ကြွေး
မောင်ရေခဲ
1 comment:
so...so..good...!
ayan kyite tal....ice yay.
Post a Comment