Tuesday, May 12, 2026

သူ တွေးခဲ့တဲ့ ဒိုင်ယာရီ


ဟော ဟိုနားဆီက တစ်ဗျောင်းဗျောင်းနဲ့ပြေးလာတဲ့ မိုးအော်သံကို တားဆီးဖို့
သဘာဝဓမ္မက အမိန့်ထုတ်ထားတယ် ။
အဲဒီအချိန် ...
အဖြူရောင် ဝါဂွမ်းလေးက ရှက်ပြုံး ပြုံးကာလမ်းလျှောက်လာရဲ့ ။
တစ်ချို့ကို လမ်းပိတ် ....
တစ်ချို့ကို ချောက်ချ ....
တစ်ချို့က ကြောက်ကြ ဆိုပဲ ....
တကယ်တော့ ဒါ သဘာဝ ဓမ္မ ပဲလေ
ရှည်ရှည်ဝေးဝေးတွေးရင်
သူရို့ ပြောတဲ့ ဘုရားသခင် နဲ့ ကောင်းကင်ဘုံ မခေါ်တဲ့ သူ့ကို အပြစ်တင်တယ်
ခက်တယ်ကွယ်
ပြဿဒါးနေ့မှာမွေးတဲ့ငါက
နက္ခတ်မှားတဲ့ ရာဇဖွားဖြစ်ချင်တော့
ခနော်နီ ခနော်နဲ့ လောကဓံ နဲ့ စစ်ခင်းတယ် ။
မြစ်တလင်းတွေ ဖဲ့ဖဲ့တိုက် အမှိုက် သရိုက်ဆိုရင်
မြို့လယ်က မီးတောင်ကြွင်းပေါ့
ရက်လှေတွေ ရေဆန်အလှော်မှာ ညှော်မိသွားတဲ့
ငါ့ အံဆုံးလေးရေ
ဒီတစ်ခါ ငါ့ကိုဆေးသောက်ခွင့်ပြုပါ
လူတွေနီးတဲ့ ဟိုအဝေးမှာ ငါမနေပါရစေနဲ့
အသက်ရှုမွန်းကျပ် ရင်ဓာတ်တွေပျက်မှာစိုးလို့ပါ
အရိုးတွေ ဆွေးလဲ ရင်မဆွေးရင်
အမြင်ကြည်တဲ့ မင်းတို့ဝန်းကျင်မှာ ငါ ကာရံတစ်ခုပဲဖြစ်ပါစေ
ကြွေလွင့်ရလဲ ကျေနပ်တယ် ။


                                    ကိုရေခဲ

2 comments:

စံပယ္ခ်ိဳ said...

ရေခဲရေ
ရင်တော့မဆွေးပါနဲ့တော့နော်
ခင်မင်တဲ့ မကြီး jasmine

မိုးနတ်ကြယ်စင် said...

ကြွေလွင့်ရလဲ ကျေနပ်တယ်------------ဆိုပဲ
အရေးအသားတွေက အဲလိုကြွေချင်စရာ......နော်ဟိ
မဂျီးဂျက်ပြောသလို နာ့ရေခဲတုံးလေး ရင်ဆွေးမှာကိုတော့
နာကြည့်ရက်ဘူးဟ......:P
ခင်တဲ့...မိုးနတ်