Tuesday, May 12, 2026

တောင်ပံမဲ့ နေ့စွဲများ

စိတ်တောင်ပံတွေတဖျတ်ဖျတ်
ရက်လုပ်ခဲ့ရတဲ့နေ့စွဲတွေ
အပြုံးတု .. အငို တု ... မျက်နှာ တု တွေထုတ်
လူလုပ်ဖို့ခက်တဲ့အရာ
လူကပဲ ပြန်လုပ်နေလေရဲ့
အငြူအစူတွေ ကလူကျီစယ်သလို
ယိုစီးပေါက်ကျ
တစ်ချို့က
ဒါ ..သင်္ခါရ ..တဲ့
အလှအတွက်ပြုပြုရ
ဘဝအတွက် ပြုပြင်ကြနဲ့
အခုမြင်တဲ့ ခဏတွေတောင်ပြောက်
ရောက်ခဲ့တဲ့ရာစု အစေပါ့
လျော့ရဲလာတဲ့ ယဉ်ကျေးမှု့တွေ
အဖော်မဲ့လာတဲ့ ဒီစနစ်တွေကြား
ချုပ်ဆက်ဖို့ ခက်လာရော
ဒီလို ဒီလိုနဲ့
သီအိုရီတစ်ခေတ်မှာ
အချစ်တွေပါစနစ်ပြောင်း
ရောင်းကုန်တွေဖြစ်ခဲ့ပေါ့

                             မောင်ရေခဲ

2 comments:

စံပယ္ခ်ိဳ said...

ရေခဲရေ....လက်မကျဘူးနော်
ကောင်းတယ်
လူလုပ်ဖို့ခက်တဲ့အရာ
ယိုစီးပေါက်ကျ
တစ်ချို့က
ဒါ ..သင်္ခါရ ..တဲ့
အလှအတွက်ပြုပြုရ
ဘဝအတွက် ပြုပြင်ကြနဲ့.....
ခင်တဲ့ sis jasmine

မိုးနတ်ကြယ်စင် said...

ဒီလို ဒီလိုနဲ့
သီအိုရီတစ်ခေတ်မှာ


မှန်တာပေါ့...ရေခဲတုံးလေးရေ..
ကဗျာလေးကို မိုးနတ်သိပ်ကြိုက်တယ်..
ဝါသနာတူချင်းတွေမို့ ....
ဆက်လက်ထုဆစ်နိုင်ပါစေလို့ ဆန္ဒပြုခဲ့ပါတယ်နော်
အားပေးနေလျက်ပါ...
ခင်တဲ့...မိုးနတ်
(သြော်..ဒါထက်..ရေခဲတုံးလေးမွေးနေ့ကကျော်သွား
ပြီမို့ မွေးနေ့နဲ့ ဆိုင်တဲ့ကဗျာလေးမဟုတ်ပဲ
တခြားကဗျာလေးရေးပေးမယ်ဆိုရင်ရော...
ရေခဲတုံးလေး ကြိုက်လားဟင်......)