*** တိတ်တခိုးပြိုကျ
ကြိတ်ပိုးငိုရတဲ့မြစ်တစ်စင်း
ဘယ်ချိန်မှထွန်းလင်းနိုင်မှာလဲ
အလဲလဲ အကြဲကြဲ
ကံကြမ္မာအလွဲ ဘဝအလွဲတွေကြား
ဒဏ်ရာအမှာတွေအထပ်တယ် ။
*** ဘယ်သူပိတ်ပင်ခဲ့တာလဲ
အနီရောင်မြစ်မှာ ချစ်ခြင်းတွေမစီးဆင်းဖို့
အလွှာခြင်းတွေ မချုပ်စပ်ဖို့
ရက်လုပ်ဖို့ခက်စေခဲ့တာ
ခုတော့
ကမ်းမရှိတဲ့မြစ်မှာ ချစ်ခြင်းတွေအကြိမ်ကြိမ်သေဆုံးတယ် ။
*** အချိတ်အဆက်
အလိပ္လိပ္တက္လာတဲ့စကားသံ
လည်ဝမှာလျှံကုန်ပေါ့
ရှေ့တိုးဖို့မလွယ် နောက်ဆုတ်ဖို့အခက်
ထက်နေခြည် - ဆိုတဲ့ သီချင်းပဲညည်းလိုက်ချင်တယ်
နောက်ဆုတ်ဖို့ ကြိုးစားရင်းးးးးးးးးးးးးးးးး
*** တိတ်တခိုးငိုရ
တစ်ဆစ်ချိုးပျော်ရ
ရောရမ်းကာတမ်းတ လိုက်ချင်တယ်
အပျော်တမ်းဖြစ်နေတဲ့ငါ့ဘဝကို
စိတ်လိုက်တမ်းမကစားစေဖို့လေ
*** ဘယ်နတ်ဆိုးတွေကကျိန်စာတိုက်ခဲ့တာလဲ
အသက်မဲလောင်တိုက်သွင်းခဲ့တဲ့ကံကြမ္မာနဲ့
အလှမ်းကွာဝေးခဲ့တဲ့နင် နဲ့ ငါ
စိတ်မညစ်ကြေးနော်
ဒို့
ရင်မဝေးသေးပါဘူး ။
*** အနေလဲဝေး ရင်လဲဝေးမှဖြင့်
အတွေးတွေဗျောင်းဆန်ခတ်
စိတ်ထောင်းတိုင်း ကိုယ်ကြေတယ်
ပျိုရွယ်မယ်တောင်မကြံရသေးတဲ့ ဒီပန်း
လန်းဆန်းဖို့ခက်ခဲ
ဂယက်ထဲပြုတ်ကျ
ခုတော့
ဒုက္ခ ...လို့ပဲညည်းရတော့မယ် ။
မောင်ရေခဲ
3 comments:
တိတ္တခုိးငုိရ
တစ်ဆစ်ချိုးပျော်ရ
ရေခဲရေ.....
ဘယ်လိုများစကားလုံးတွေရှာတွေ့တာလဲ
ကောင်းလွန်းတယ်
အစဆုံးအပိုဒ်နဲ့ နောက်ဆုံးပိုဒ်လေး....
ရင်ကို အထိဆုံးပဲ.....ခံစားသွားတယ်ရေခဲတုံးလေးရေ
ခင်မင်နေတဲ့.....မိုးနတ်
ေ၇ခဲတုန်းလိုကျွှန်တော်နှလုံးသားလည်းအေးစက်ချင်တယ်ဗျာအချစ်ကြီးသူကရှုံးတယ်ဆိုတာသိတ်မှန်တာဘဲဘာမှမသိသလိုနေတတ်ချင်တယ်ကိုကိုေ၇ခဲသင်ပေးဦးးးးးးးးးးး
ညီလေးမိုးစက်အောင်
Post a Comment