မင်းပျော်ရမယ် ၊ မော်ရမယ်
အမယ်မယ်ကတိတွေနဲ့
ခေါ်ခဲ့ဘူးကွယ် ။
ရိုးဖြောင့်တဲ့မှန်ကန်
စိုးနှောင့်ဗျာပန်ကင်းဖို
လူချင်းမို့ရယ် ။
ကံတူ အကျိုးပေး
တွေးကြည့်ရင်အရိုးမဆွေးပါဘု
တိုးကြည့်ပါဗျ ။
အထက် ၊ အောက်ဘဝဝေး
ဆွေးနွေးရင်း ဂျန့်ဖြစ်သွားတယ်
တစ်ချို့ဆိုပ ။
အပိုင်း အဖြတ်အသက်ဆက်
အခက်အလက်ခြောက်ခမ်း
နန်း နီးစေဖို့ ။
အပိုအလိုတွေထက်
ကပိုကယိုဖြတ်သန်း
ရောက်ပြီပေါ့ နန်းသို့ ။
မောင်ရေခဲ
2 comments:
ရေခဲရေ...
ရောက်နေပြီးကဗျာ ကောင်းလေးကိုရင်ဘတ်နဲ့ခံစား
ဖတ်နေတယ်
အောက်ဆုံးအပိုဒ်လေးကိုပိုပြီးကြိုက်တယ်
good ပါရေခဲတုံးလေး....
မိုးနတ်ကြိုက်ပါ၏ကွယ်...
ခင်တဲ့..မိုးနတ်
Post a Comment