ကို ....ယ့်ခံစားချက်တွေကိုဘေးဖယ်
အတွေးနယ်ထဲကပြေးထွက်
သူရို့အတွက်တွေကြား
ဗျာများနေတဲ့ အကိုရေ
နေ....ရာဝန်းကျင်တစ်ခုအတွက်
ပြီးတော့
ဒေသ နေရာတိုင်းအတွက်
ဦးနှောက်တွေ ရက်ရက် ရောရောဖောက်ထုတ်
နေ့ရက်တွေဟာ ထုတ်ကုန်ပေါ့
ဇော် ...ဂျီတစ်ပါးလောက်မစွမ်းဆောင်နေပေမယ့်
သူရို့အားလုံးအေးချမ်းစေဖို့
သူရို့အားလုံးမျက်စိပွင့်စေဖို့
စေတနာတစ်ခုကိုယုယုယယမွေး
တေးသီဆဲကာလ
ညတွေတောင်လင်းလက်ကုန်
လင်း ....ရောင်ခြည်တွေထွန်းညှိဖို့
သိသလောက်ဖြန့်ဝေ
ကြည့်သလောက်နှံ့စေ
တဝေဝေထွန်းတောက်
ညရောက်တိုင်းနေ့ဖြစ်တယ်
မွေး.... မေနဲ့ဝေးဆဲကာလ
ရင်ဝေးနေတဲ့တဒင်္ဂ
ရွှင်ရွှင်ပြပြဖြစ်စေဖို့
ကွန်ယက်တွေဖောက်လုပ်
ထောက်...ဒုတ်..ဖြစ်စေချင်တယ်
နေ့....ရက်တွေများစွာ
အခါခါလွန်ကဲ ဒွန်တွဲခဲ့နှစ်လ
ချစ်ရတဲ့ဖေမေ တွေအတွက်
အကိုနဲ့အတူဆုမွန်ချွေတယ်
အပြုံးတွေဝေပါစေ
နှလုံးတွေအေးပါစေ
အထွေထွေဆုတောင်း
ရင်အေးအောင်ဆုတောင်းလိုက်ပါတယ်အကို
မောင်ရေခဲ
မွ
အကိုနေဇော်လင်းအတွက်မွေးနေ့အမှတ်တရပါ
အကိုပျော်ရွှင်ချမ်းမြေ့ပါစေ
ညီဆုတောင်းလိုက်ပါတယ်
2 comments:
ရေခဲရေ....ရေးတတ်လိုက်တာ
မွေးနေ့ရှင်ကသာမိန်းခလေးဆိုရင်ကြွေလောက်တယ်နော်
မွေးနေ့ရှင်ကလဲ ကြိုက်မှာပါ......
မောင်လေးနေဇော်လင်း ချမ်းမြေ့ပါစေ
မမကြီး
မွေးနေ့ရှင်ကတော့ ကြိုက်မှာပဲနော်..ရေခဲတုံးလေးရေ.
ရေးထားတာကောင်းတယ်ဟ....ဖတ်ရတာ
ကြည်နူးလိုက်တာနော်..
ခင်တဲ့...မိုးနတ်
Post a Comment