နှင်းဆီပန်းပင်ကလေးက
နှင်းဆီပန်းကလေးကိုပြောတယ်ကွဲ့ .. အချစ်ရဲ့
မင်းဟာ ငါ့ဘဝ အတွက်
အဦးဆုံး ပထမဆုံး ပွင့်တဲ့ပန်းပါ
လှပစွာဖူးပွင့်နိုင်ဖို့
ခန့်ညားစွာ ပြုံးနိုင်ဖို့
ရှိရှိသမျှအင်အား
နှလုံးသားရဲ့ အဆီအနှစ်
စုပုံပြီးချစ်ခဲ့တယ်
မင်းအတွက်တဲ့ ရက်ရက်ရောရောပေးဆပ်
နှောင်ကြိုးတွေတောင်ဖြတ်မရဘူး
သနားတယ်ဆိုရင်
အနားကမခွါပါနဲ့လားကွယ်
ဘဝမွာ မင်းမှလွဲ
ငါ့ မျက်နှာဘယ်လောက်မွဲမွဲ
တခြားပန်းတွေဘယ်လောက်လန်းလန်း
ရင်ဘတ်မှာ အဆန်းမထင်တော့လို့ပါ
မင်းက ငါ့ရဲ့ အချစ်ဦးမို့ပါ
မင်းက ငါ့ရဲ့ တစ်ဦးတည်းသောချစ်ဦးသူမို့ပါ
တကယ်လို့
တစ်ပါးသူ ရင်ခွင်
မင်းနားဝင် ကိုးစားမှဖြင့်
မျက်ရည်မိုးတွေဖြိုင်ဖြိုင်သွန်းရစ်
အသဲကွဲသီချင်းတွေ သံကုန်ဟစ်
သေပွဲ ကို ကြေကွဲစွာ ဝင်ပစ်ရမယ်ထင်ရဲ့
ရက်စက်လိုက်တာပန်းကလေးရယ်
ငြီးရင်းအဆုံးသတ် ကြည့်
မင်းကိုငါမေးမိမယ်ထင်ရဲ့
ငါ့အတွက် မျက်ရည်တစ်ပေါက်လောက်ကျပေးနိုင်မလား တဲ့
ဆိုပါတော့
ကဲ
ဒီတစ်ခါ
ကိုယ်က ပန်းပင်ဖြစ်
ချစ်ဘယ်လိုပြောမလဲ
ကိုယ်သိချင်ရဲ့ကွယ် ။
( ရှိုင်းနောင် - အတွက် အမှတ်တရ ကဗျာလေးပါ )
ခင်မင်စွာဖြင့်
မင်းရဲ့ သူငယ်ချင်း
မောင်ရေခဲ
2 comments:
ကြွေ...မျက်ရည်ကဗျာလေး
ကြိုက်သွားပြီ
အရမ်းကြိုက်တယ် ရေခဲတုံးလေးရေ...
မိုးနတ် fb မှာရှဲပါရစေလားကွယ်....နော်...:)
ရှင်ကလဲ တော်လိုက်တာ ကိုရေခဲ...
သယ်ရင်းအတွက် ရင်ဘတ်ငှားပေးတာတောင်
အဲလောက်ကောင်းရလား.....ရှင့်ကို ခုချိန်ထိ
ဘာလို့ ကဗျာရေးမပေးဖြစ်သေးတာလဲ သိလား...
ရှင်က မိုးနတ်ထက်တော်နေလို့ ဘာရေးပေးရမှန်းမသိ
တော့တာ...အဲဒါကြောင့် ဒီအတိုင်းလေးပဲ ငြိမ်ငြိမ်လေး
နေနေတာ.....ဟွန်း......
Post a Comment