စိတ်ကူးတွေကိုထွန်ယက်ရင်း
ကိုယ့်လမ်းကိုလျှောက်ကြည့်တာ
ရေခမ်းတဲ့မြစ်ဆိုတာ
ငါဘယ္သိပါ့မလဲ
ရေကူးရင်း ရေခမ်း
အရူးအနှမ်းကမ်ဘာလောက
စိတ်ကို စိတ်ချင်းကုစားတာတောင်
မြုံး ဝ မှာတစ်တစ်နေတယ်
အရစ်အခွေလွယ်လှတဲ့
ပုတ်သင်ညိုတွေကြားမှာ
ကိုယ့်ကြိုးကွင်းကိုယ်စွပ်
လွတ်လွတ်ကျွတ်ကျွတ်သေကြည့်တာတောင်
ဂယောင်ချောက်ခြား ထ ကြည့်ရတဲ့အဖြစ်
နောက်တစ်ခါ
ငါ
တစ်...နှစ်...သုံး...လေး...ဂဏန်းတွေမရေတွက်တော့ဘူး
တိုင်ပင်ညှိဖို့
ဒို့လူဖြစ်လာတာမှမဟုတ်တာ
အဟုတ် နဲ့ အရွိ ညီမျှခြင်းချ
ရလဒ်တွေ တူညီဖို့
ငြိမ်းချမ်းခြင်းအဖြေထွက်ဖို့
လူ ကို လူနဲ့
စိတ် ကို စိတ်နဲ့
ဝန်းကျင်းချင်းအဖြေညှိ
မထိခိုက်ကြေးပေါ့
စိတ်လိုက်နဲ့မာန်ပါ
အလှမ်းတွေခြေရာထပ်ကုန်တော့
ငိုပွဲစားဖို့နေ့ရက်တွေနဲ့
ငဒို့ နဘမ်းလုံးနေရတယ်
ဝုန်းဝုန်းဒိုင်းဒိုင်းတွေချုပ်ငြိမ်းဖို့
တဒုတ်ဒုတ်ခုန်နေတယ်နှလုံးသားအသိရှိဖို့လိုမယ်
ပန်းတွေချစ်တတ်တဲ့
ဥယျာဉ်မှူး ရဲ့ လက်တစ်စုံလဲလိုမယ်
နောက်ဆုံးတော့
အဝတ်လဲကြည့်တတ်တဲ့စိတ်တစ်စုံကအဓိကပါပဲလေ ။
မောင်ရေခဲ
4 comments:
စိတ်ကူးတွေထွန်ယက်ရင်း
ကိုယ့်လမ်းကိုယ်လျှေက်ကြည့်တာ
------အဲတာလေးဖတ်ပြီးတော့ မဂျီးရေးခဲ့ဖူးတဲ့
ရာသီတိုင်း ငါ အလွမ်းတွေထွန်ယက်ရင်း
သံယောဇဉ် အ မြောက်အများ ကျွံထွက်ခဲ့ရတာ......
ဆိုတဲ့ ကဗျာလေးကိုသတိရမိတယ်အရင်က 9 ဆိုဒ်
တွေမှာတင်ဖူးတယ် အားတဲ့အခါပြန်ရှာပြီးပြမယ်နော်
မတွေ့တာကြာပြီ ဖဘ မှာလဲပျောက်နေတယ်
အလုပ်များလို့လား?
ကဗျာလေးတွေ ပြန်ခံစားရလို့ ၀မ်းသာမိတယ်ရေခဲရေ
မဂျီးဂျက်
ရေကူးရင်း ရေခမ်း
အရူးအနှမ်းကမ္ဘာလောက
**ကဗျာလေးကောင်းတယ်နော**
အို ကောင်းလိုက်တာ ရေခဲတုံးလေးရေ...:)
အဲဒါတွေက မိုးနတ်သိပ်ပြောချင်နေတဲ့ စကားလုံးတွေပါ
ခု ရေခဲတုံးလေးက မိုးနတ်ကိုယ်စားပြောပေးသွားတယ်
ကျေးဇူးလဲ အရမ်းတင်သလို စကားလုံးတိုင်းမှာ
အဓိပ္ပါယ်အပြည့်နဲ့ ကဗျာကောင်းလေးအတွက်
ဂုဏ်ယူမိတယ် ...ဆက်လက်ထုဆစ်နိုင်ပါစေဟယ်
ခင်တဲ့...မိုးနတ်
(မအားလို့လားးးးးးးးးးးးး
ဒါမှမဟုတ် ဘာဖြစ်နေတာလဲ....?
အမြဲလိုလို ဒီဆိုက်က အသစ်တက်လာမှာကို
မျှော်နေမိတယ်..ရေခဲတုံးလေးရေးတဲ့ကဗျာတွေ
သိပ်ဖတ်ချင်ပါတယ်....ကဗျာရေးကောင်းသူမို့
ကဗျာရူးက နှစ်သက်မိတာ မဆန်းဘူးထင်ပါတယ်:))
စိတ်လိုက်နဲ့ မာန်ပါ
ငဒို့ ၀န်းကျင်မှာ ...
Post a Comment