Tuesday, May 12, 2026

နွေတေးမဆိုရ

အလွမ်းတွေရင်မှာပြည့်တောင်မှ
ပန်းသခင်းရင်မှာ မလန်းနိုင်ဘု
ကြွေကျရာ သခင်ပန်းပွင့်ရင်
စေ...စေ ..ရာ မြင်တိုင်းပန်းတွေပ
လွမ်းတိုင်းပွင့်စေ
နွေတေးတွေမဆိုခိုင်းပါနဲ့
အနေဝေးလေသူမှာ
ဗလောင်းဆူ ရင်သတ်ကွင်းထဲ
အလဲ အကြဲ
သံစဉ်ပျက် ကာရံမဲ့ တေးသီရာနွေကာလ
နွေဦးကိုဘယ်လိုပြောပြရပါ့မလဲ
မျက်နှာပူတယ်
အပူကြွယ်ရင်မှာမအေးသူရဲ့
ဒီလူမွာ ရင်မငြိမ်းနိုင်ဘု
မျှော်တော်ယောင် သဉ္ဖာခန်းမှာ
အလွမ်းတွေမသိမ်းပိုက်မိစေဖို့
မှန်းမျှော်ရာ သခင့်အတွက်
နေ့ရက်တိုင်း ဆုတောင်းတယ်
တူပေါင်းရွယ်
သံသရာမကုန်သရွေ့ပေါ့
ဖန် ဖန် လာ လောက ကောင်း-ဆိုး
မရိုးအောင်ဘယ်လို ချည်နှောင်လဲ
သေကောင်ပေါင်းလဲ
အဆုံးသတ္ဘဝတစ္ခု
ရောက်လုတဲ့အထိခရီးဆက်
ဘဝတိုင်းလက်ဆက်ချင်မိပါရဲ့


                                       မောင်ရေခဲ

1 comment:

မိုးနတ်ကြယ်စင် said...

နုနေထှာ ice ရေ.....
မိုက်စ် :)))
ကဗျာလေးက လှလဲလှတယ်....
ချစ်ဖို့လဲကောင်းတယ် :)