Tuesday, May 12, 2026

မသဲမကွဲအိပ်မက်အချို့

မဆိုင်တဲ့ သစ်အိုပင်အောက်
မဆိုင်တဲ့ ငှက်တွေက
အငန်းမရ နားလို့
ရုတ်ရုတ်တော့မလုပ်နဲ့ 
သစ်ငုတ်တွေတောင်ပြာချနေတဲ့ ခေတ်ကြီးထဲ
လူဖြစ် နာသွားမယ်
သွားတဖြဲဖြဲ ဝံပုလွေလောက
ဇာတ်ဆောင်တွေများတဲ အခန်းတွေက ကန့်လန်တွေများ
ဇာတ်မတိုက်ဘဲ " က " နေသော လောကလူရွှင်တော်များ
တသောသောနဲ့ မဟောဘဲရယ်နေသော ပရိသတ်များ
မ်ားတကာမ်ားထဲမွာ
အလွယ်ကြိုက်က အဆိုးဆုံး
ရိုးရှင်းပါတယ်-လို့မကြွေးကြွော်နဲ့တော့
ဈေးတွေပေါနေလို့
ချောဆွဲစရာတွေရှားလို့ဗျာ
ဘာသာတရားကိုတောင် အလွတ်မထားခဲ့
ချွတ်ခြုံကျခဲ့တဲ့ ဝိညာဉ်တွေကတစ်ပုံတစ်ပင်
လွင်ပြင်မှာပြန်ကျဲ
သဲကွဲပါတယ်ဆိုတဲ့ အနာဂတ်တွေတောင်စီးမျောခဲ့
လောကဓံကို ကြိုတင်လေ့ကျင့်ခဲ့တဲ့
သံလွင်ငှတ်တို့ရေ
ဒူးမထောက်ခဲ့တဲ့ မင်းတို့ရဲ့
နှလုံးသွေးတွေနဲ့ ဒို့တွေလည်ပတ်ခဲ့တာပါ
အဆုံးအစမဲ့ခဲ့တဲ့ မျက်လုံးတွေဖြစ်အောင်
မင်းတို့ဖန်ဆင်းခဲ့တာပါ
ဝမ်းမြောက်ပါတော့
မင်းတို့မြင်နိုင်မယ်ဆိုရင်
ဒီတစ်ခါမြင်မိတဲ့မြင်ကွင်း
မင်းတို့တပ်လှန့်မိမှာပါပဲလေ





                                            မောင်ရေခဲ

1 comment:

roseayemaung said...

မောင်ေ၇ခဲ...ေ၇ေ၇ာက်ခဲ့ပါပြီနော်.ကဗျာလေးတွေ
ဖတ်သွားပါတယ်....