Tuesday, May 12, 2026
မစွေတော့နဲ့တော့ဗျာ
ဒီလိုပါပဲ
Friday, January 8, 2016
အလင်းအိုငှက်
ဗာဒံရွက်တို့သန်းဝေချိန်
အလင်းရောင်တပ်သားကြီးဟာ
အလိုမတူစွာလက်နက်ချပေါ့
အရသာဟာ
လျှာပေါ်မြသွားခဲ့
တိမ်ဖုံးနေတဲ့မျက်စိနဲ့ ဆည်းဆာချိန်ကိုငေးမိပါတယ်
ဪ
သာစွတကား ။
မောင်ရေခဲ
20/12/2015
အလွမ်းရိပ်ငြိမ်
Wednesday, July 16, 2014
ကျင်းဝက ချစ်စိတ်
ချစ်စိတ်နဲ့ပုံတူ ကူးကြည့်တာပါ
နာမည်မတပ်လိုက်ပါနဲ့
ခံစားချက်တွေပေါ့သွားမှာစိုးလို့
အမျိုးအစားတွေနဲ့
ဇယားချမပြပါနဲ့ဗျာ
ရင်ဖုံးအင်္ကျီ မှာ
အသေအချာတပ်ထားတဲ့ ရင်ထိုးတံဆိပ်ရှိတယ်
ကျမ်းကြီး ကျမ်းငယ်တွေနဲ့
ကျုပ်ကို ခဝါချဖို့မပြောပါနဲ့ဗျာ
နုတ်တိုက်ရွတ်ခဲ့ရတဲ့ခေတ်တွေကို
အားနာလွန်းလို့ပါ
အနာမြင်ရဲ့သားနဲ့
အနာမဟုတ်ဘူးဆိုပြီး မခနဲ့ပါနဲ့ဗျာ
ခင်ဗျားကိုမှာအနာရှိတိုင်း
အကြီးအသေးတိုင်းပြနေသေး
အနာဖြစ်နေဖို့ပဲလိုတာမဟုတ်လား
အသက်ကြီးတာနဲ့ငယ်တာ
ချိန်ထိုးဖို့ထက်
လူဖြစ် လူပီသနေဖို့ မဟုတ်လား
တစ်ခါ တစ်ခါ ဇရာက အချိန်ငယ်တဲ့
သစ်ရွက်ကိုဖိနင်း
အယ်ဒါ
ပျော်စရာတဲ့
လူဖြစ်ပြီး လူပီသဖို့မဟုတ်လား
ချစ်စိတ်နဲ့ ပုံတူကူးကြည့်တာပါဗျာ
နာမည်တော့မတတ်လိုက်ပါနဲ့ ။ ။
မောင်ရေခဲ ( အဝတ်နီ )
Posted via Blogaway
Thursday, July 3, 2014
မန္တလေး
သောက်ရေအိုးအောက်က
ခပ်ဆွေးဆွေးသစ်သားလေးက
မင်းပေါ့
နောက်ဆုံးအချိန်ထိ
တွေဝေစွာ ငဲ့ကြည့်နေမိတုန်း
အသားထွင်းမျက်ရည်တွေက
ဒူးထောက်မော့ကြည့်
အဲဒါ ငါတို့လေ ။ ။
မောင်ရေခဲ ( အဝတ်နီ )
Posted via Blogaway