Sunday, June 29, 2014

မဟာဈာပန




ကိုရေခဲ
ခင်ဗျားသေပြီ
ကဲ
သင်္ဂြိုဟ်လိုက်ကြရအောင်
လတ်လတ်ဆတ်ဆတ်ကုသိုလ်ညိုပြာရည်
ခေါင်ရမ်းပန်းတို့ရိတွဲကျ
ခင်ဗျားမသာလူစည်တယ်
စက္ကူပန်းတချို့က
ခင်ဗျားရဲ့ကြေကွဲဖွယ်မဟာဈာပနကို
ခဝါမကျသေးတဲ့အနတ္တတွေပန်လို့
မရိုကြိုးသေးတဲ့ခြေထောက်ကြီးနဲ့နင်းလို့
အမြင်ကပ်စရာနုတ်သီးကြီးကိုထမ်းလို့
သေချာတာကခင်ဗျားသေပြီ

သေချာတာကခင်ဗျားသေပြီ
တောင်ဇလပ်လေးတွေသင်းတယ်
တောင်ပြန်လေရောမြောက်ပြန်လေပါ
သွေ့သွေ့လေးခါရမ်းလာတယ်
ခင်ဗျားကျေနပ်လိုက်ပါ
ကျိုးခဲ့ပြီးပြီ
ကြေခဲ့ပြီးပြီ
အနေမတတ်ခဲ့တော့
သံသရာလည်းဆွေးခဲ့ပြီးပြီ
ခင်ဗျားသေတာနဲ့စန္ဒကူးနံလေးပြန်သင်းလာတယ်
နီစွေးတဲ့ပန်းကလေးတွေရဲ့သလင်းနံ့ကလေးလင်းလာတယ်
စပယ်ပန်းကလေးတွေကလည်းဖူးတန်ပွင့်လို့ချည်ပေါ့
ခင်ဗျားကျေနပ်လိုက်စမ်းပါ
ခင်ဗျားကခရိုနီ

ကိုရေခဲ
တကယ်တော့ခင်ဗျားသေပြီ


ကိုရေခဲ
ခင်ဗျားသေပြီ
တိမ်တွေကပုပ်အဲ့အဲ့
ကျုသံသီချင်းတွေနဲ့ရေပတ်လည်ဝိုင်းတယ်
ဂဏန်းသင်္ချာတွေက
်ဆွေမပြနိုင်မျိုးမပြနိုင်
အောက်သက်ကျေဖို
ကြေအေးပေးလိုက်ရတဲ့ ပန်းခင်းလမ်းလေး
သစ်စိမ်းချိုးကျိုးပေါ့
ခင်ဗျားပေါ့
တရားတရားဆိုပြီး လမ်းသလားခဲ့တာ
ဘုရားဘုရား
တွားမိပေါ့
အပူတွေနဲ့တိုက်မိပေါ့
ရေတွေလဲပွက်လုပေါ့
နွံတွေကိုထမ်းသွားနေတဲ့ကလေးလေး
ဟို့ရှေ့မှာခင်ဗျားမြင်လား
ဟို့ရှေ့မှာလေ
ဘာပဲပြောပြော
ခင်ဗျာသေပြီ

ခံးစားရတာတွေကို
ခံစားရင်း ခံစားရင်း
အဖန်တေနေပြီဖြစ်တဲ့ဟော့ညောင်ညိုပင်အောက်မှာ
ပြာရီမှိူင်းကောင်းကင်တွေမျက်မှန်တပ်ကုန်ပြီ
မှောင်ရီစပြုလာတော့ နှောင်းမိုးကိုမျှော်ရပြန်ပြီ
တကယ်တော့
ခင်ဗျားသေပြီ

စိန်ပန်းပွင့်လေးတွေကတောရကျောင်းမှာ
ပြောရတာမောနေပေမယ့်
ခင်ဗျားသေသွားတာသိပေမယ့်
မြစ်ပွားနာတွေကခုထိကူးဆက်တုန်း
ရေများရေနိုင်ပါဗျာ
မီးကနည်းပေမယ့်လောင်စာကိုခပ်ဖွဖွသုံးတော့
အနုတ်ပြတဲ့ညနေခင်းမှာ လယ်တောသီချင်းကိုသီ
စီကာပတ်ကုံးမပြောပြတတ်တဲ့
ပျဉ်းမငုတ်တို ကိုခုထိုင်
ယိုင်ရင်းယိုင်ရင်းပဲ
တကယ်တော့
ခင်ဗျားသေပြီ။ ။ ။


ကိုရေခဲ
တကယ်တော့ခင်ဗျားသေပြီ
တစ်ချိန်ကယက်ကန်းသံတွေမကြားရတော့ဘူး
တစ်ချိန်ကရွှေချည်ငွေချည်တွေ
ယက်ကန်းသံတွေကြားပြောက်ဆုံး
လူလုံးမလှအပူလုံးကြွ
ရုံးမထရသေးဘူး
ီဒီမှာ အုံ့ပုံးသီချင်းပြန်ဆိုနေရပြန်ပြီ
ကန့်ကူလက်တန်လေးတွေလည်
ယင်မဝဲတော့ ကိုယ့်ကိုယ်ကိုအညှီလောင်းကြ ခင်ဗျားနဲ့အတူလောင်းချသင်္ဂြိုဟ်ခဲ့တယ်

ပြန်ပြောမယ်
အဲဒီမြစ်ပွားနာ
အနှစ်ဆိုတာအညှီတွေမဟုတ်ဘူးဗျ ။ 

ကိုရေခဲ
တကယ်တော့
ခင်ဗျားသေပြီ ။ ။


မတမ်းတတော့ဘူး
လွမ်းမပြတော့ဘူး
ထီး
သုဉ်း
မြို့
ပျက်
အမှိူက်
သတ်မရသေး
ခင်ဗျားဗျာ
ဖောင်စီးရင်း
ရေငတ်အောင်လုပ်တယ် 

ကိုရေခဲ
တကယ်တော့
ခင်ဗျားသေပြီ ။ ။ ။


တိမ်ပြာသားမို့မို့ ညှို့ က
လေးခွင်းအတတ်ကိုမြိုချတော့
ငါ ... ကွ ဆိုတဲ့ ဝါးစိမ်းခြမ်းကလေး
သိမ်သမုတ်ဖို့မြေသတ်မှတ်တယ်

အငြိမ်မနေနိုင် ပိတောက်ရွက်ကလေးတွေရဲ့
ဆိတ်ငြိမ် ဆည်းလည်းသံ
ညံ.....တယ်လို့ဆိုပြီး
ပန်းအမှိူက်သွန်သမားတို့ရဲ့ ကျင့်ဝတ်ကို ကျင့်သုံးတယ်

မသာယာနဲ့
မငြိမ့်ညောင်းဘူး
ကျုပ်တို့ရဲ့သန္ဓေ ဥ ကလေးတွေ
တောကျီးကန်းဝပ်သွားပြီ 

ဒီမှာ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ 


နွေ အဦးမှာ
မုတ်သုန်ကို လက်ယက်အခေါ်
ရမ္မက်တွေကိုလက်တန်းရွတ်ချတော့
မျက်ဖြူဆိုက်နေတဲ့ မြေဇာမြက်လေးတွေက
ကယ်ပါ တေးသွားကို ရော့်ခ်ဆန်ဆန်ရွတ်
မကြံမစည်ရာ မိုး ကျလာတော့ 
တေးသွားညည်း က ကြသတဲ့

လောဘ
လိုဘ
ငိုဘ
အမိုးတွေလည်း ပြိုလှပါပြီ
အငြိုးအတေးနဲ့မိုးက ခုထိ သည်းတုန်း

ပိုင်ရာဆိုင်ရာ မြှောက်စားတော့
နိုင်ရာ နိုင်ရာ မဟာဝေဿဝန်နတ်
ပြတ်လတ်နေတဲ့ ဆေးလိပ်တိုလေးတောင်
ပစားမရခဲ့ဘူး
ပုံတူများကူချလေရော့သလား

ကျောက်ကုန်နေတဲ့ မီးခြစ်အိုလေးရေ
ခံရမလား စံရမလား
တွေးတောရင်း မိုးလင်းတော့
ဘာပဲဖြစ်ဖြစ်ပါ
ကိုရေခဲ
ခင်ဗျားကတော့
သေပြီ ။


မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
အမြီးအမောက်မတည့်တဲ့
ဆိုရိုးတွေပဲ ရွတ်ဆိုခဲ့
တတွတ်တွတ်ဆိုရမှာက
မရဏ

ပြုံးပြုံးကြီးကြည့်နေတယ်
သူကတော့
ပက်လက်

ဒေါသ မျက်ချေးတွေကြားမှာပဲ
လက်ပစ်ကူးခတ် ပျော်ပါးနေကြ
အရော်အစားက ကြီးလှချေရဲ့
အပါးလည်ခြင်းတွေကြား
အခါးဓာတ်ကြီးမားလာတဲ့
အိုကမ္ဘ္ဘာလောက
စတပြင်နဲ့မိတ်ဆက်ပေးဖို့
စင်တင်ပေးပါတော့

တိမ်လွှာကြားမူးမေ့လဲခိုက်
ရော့ရဲလာတဲ့ရေတွင်းကိုမှ
ရေငံကြိုက်စေခဲ့ပေါ့

မေ့လိုက်တော့
သတိမရနဲ့တော့
မူးလဲနေတဲ့ဘဝထဲ
ခင်ဗျားအရင်အစစ်ခံလိုက်
သေခြင်းနဲ့မသိခြင်းကြားမှာ
ခင်ဗျားသေပြီ ။ ။


သုဿာန်မြေကို စ နင်းနေပြီ
အတွင်းကြေအနာနဲ့ အရင်းမကြေခဲ့လေသမျှ
တွင်းဝက မော့ကြည့်နေ့ပြီ

အနံ့ခံကောင်းခဲ့တဲ့
လတ်လတ်ဆတ်ဆတ် အမြုပ်တစ်ချို့က
အပျံ မသင်နိုင်စွာငေးမောလို့
မိုးတိမ်ကိုအဓိပ္ပါယ်ဖွင့်ကြတယ်

လွင့်ပြယ်စ ပြာသားလေးတွေပေါ့
အယ်ဒီ ပြာစ ပါးပါးလွှာလေးတွေ
အနေမတတ်စွာ တိမ်တံခါးကိုဖွင့်ပြီး မမြဲခြင်းတရားကို တေးဖွဲ့သီကျူးတယ်

ညွန့်ငုံဖူးစ ဇီဇဝါပန်းလေးက 
တောကျွမ်းမုဆိုးတို့အတတ်နဲ့ 
ပွင့်အာ ခြင်းတရားကိုသင်ပြတော့
မှီခိုနေကြဆိတ်ငြိမ်ရပ်ကွက်ကလေးမှာ
သန်းခေါင်စာရင်းပေးသူများတယ်

နေ့မြင်ညပြောက်ရဲရင့်သူကြီးက
အညိုရောင်ပဝါစ ကို ပါးပါးချင်းခွါချတယ်
ကျုပ်ကတော့ မတ်တတ် 
ရေရွတ်ချင်းတွေအန်ချပေါ့
ဘာပဲပြောပြောပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ 


ပိုးလောက်လန်းတို့ရဲ့အိုအေစစ်လေးက
ယိုကျနေတဲ့နေစွဲတွေကြား
ဝါကျ သင်္ကေတလေးတွေနဲ့ စကားပြောနေတယ်

မြင်မကောင်းဖွယ် ကျိုးကြေစ မြူမှုံလေးကတော့
သတင်းစကားအချို့ကိုသယ်ဆောင်လို့
လည်ပတ်ရာစက်ဝိုင်းဆီ ခရီးသွားနေဆဲမှာပဲ
ခလုတ်တစ်ခုကို ငါ့တို့ မေ့နေပေါ့ 

အပြောကျယ်လှတဲ့ နေရာ အသင်္ချေ 
နောက်ဆုံး မေ့မြောရာ ဒေသ
ခုံရုံးမှာကြည့်မယ့် တစ်ဖက်ကြည့်မှန်တစ်ချပ်
ခင်ဗျား ဘယ်လိုမြင်နေမှာပါလိမ့်
မှူံပြာပြာ တစ်ပဲစ ရွာသားကောင်းမှူ့များ
နားဝင်ပီယံလှပေမယ့် ဗျိုင်းမပုံပြင်းလေးရဲ့ လေခိုတီလုံးသံစဉ်
မတူညီရင် ညီမျှခြင်းထိုးဖို့ခက်တဲ့ 
အဖြူရောင် ငှက်ကလေးတွေရဲ့နေရာ
သွေဖီသွားခဲ့သပေါ့

ပြိုင်မျဉ်းတွေ အထက်အောက် ညှိတော့ 
ခင်ဗျားရဲ့ နက်ပြာပြာ အရည်တွေက
ယိုစိမ့် ကုန်ပြီ 
ပျော်လိုက်တော့ ပါးလိုက်တော့
အသုတစ်ရာ အောက်နက်ရာအရပ်
စစ်မှန်တဲ့ သူတစ်ယောက်ရှိတယ်
ရန်တော့ မဖြစ်နဲ့ဗျာ သူကနေရာပေးမှာပါ
ဘာပဲဖြစ်ဖြစ်ပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ ။ 

၁၀

အိုးကပ်စ ဆီလေးတွေ
အတောင်ဖြန့်တဲ့အခါ သူ့ကိုမှီနေတဲ့
ထောက်တိုင်လေးက ငလျင်လှုပ်ပြတယ်
နိယာမ ရဲ့ အစ တဲ့

ဗျိုင်းတစ်အုပ် နဲ့ ကျီးကန်း တစ်သိုက်
ယှဉ်နွဲ စစ်ပွဲ့ဆိုရင် 
ကျီးကန်းတို့ အလံထူတဲ့ပွဲဆိုပါတော့
သေချာတယ် အစ တစ်ခုဖြစ်သလို အဆုံးတစ်ခုလည်းဖြစ်တယ် 

ချောင်းမြောင်းနေတဲ့ ဓားတစ်လက်က
နတ်မြင်းပျံစီးလာတဲ့အခါ ခံတပ်တို့ရဲ့
ဒူးထောက်ရာ မြေနန်းလေး 
အနောက်မုဒ်ဦးအဝင်လမ်းလေးပါပဲလေ

ဗျိုင်းဖြူလေးတွေရဲ့ ပဉ္စလက်အတတ်နဲ့
တောကျီးကန်းတို့ရဲ့ မှော်ဝင်ယဉ်ကျေးမှု့
သံလမ်းပေါ်ဖြတ်တင်တဲ့အခါ ဝန်များရာယိမ်းယိုင်ပေါ့
အထိန်းမနိုင်သူတို့သွားရာလမ်း
အသိမ်းမနိုင်သူတို့လားရာဂတိ
အဖြေက ရေပေါ်ဆီ နဲ့ ဆီအောက်ရေ
မြေကြီးကတော့တွေတွေကြီးကြည့်နေတယ်
ဘာပဲပြောပြောပါ
ကိုရေခဲ
ခင်ဗျားကတော့သေပြီ ။ ။ ။








                                                           မောင်ရေခဲ ( အဝတ်နီ )












Friday, June 20, 2014

နွေအကြမ်းကိုငုံ့သောက်ကြည့်မိတဲ့ခဏ

လှည့်မကြည့်နဲ့တော့မိငယ်


တော်တော်ကြာ


ကိုယ့်အရိပ်ကိုယ်ပြန်ထီးမိုးနေရအုန်းမယ်


နားနေကျ


အမောပြေနေရာလေး


မင်းမခွဲချင်မှန်းကိုယ်သိတာပေါ့



မင်းစိုက်တဲ့ဥယျာဉ်ကလေးက


ခုဆို


ငွါးငွါးစွင့်စွင့်ပန်းကလေးတွေပွင့်လုပေါ့


မိုးဦးကျချိန်ဆို


ကော်ဖီခွက်တင်ခဲ့တဲ့စားပွဲလေးကလည်း


သတိယစရာပါပဲလေ



မိငယ်ရေ


ငါတို့မျက်နှာသစ်ကြစို့နော်


ရေမရှိလည်းငါတို့အချစ်တွေကကြည်လင်နေတယ်လေ



ငါတို့ရထားလေး


ဘယ်ကပတ်ပြေးပြေး


ဘူတာတစ်ခုရောက်တိုင်း


ခေါင်းလေးမှေးတင်တိုင်း


အိမ်လွမ်းနေတာသိပေမယ့်


ကိုယ်ကိုယ်တိုင်ဖြေသိပ်ဖို့ခက်နေတယ်ကွယ်



ရဲဆေးတွေတင်တင်ထားရတယ်


အသဲမအေးတာမင်းသိသားပဲ


အိပ်တော့နော်


ခနနေမိုးလင်းတော့မယ်


အဲဒီကျမှ


မိုးခေါ်ဖို့လွန်ဆွဲကြတာပေါ့ ။ ။ ။



                                       ကိုရေခဲ



Posted via Blogaway



Posted via Blogaway




Posted via Blogaway

အခင်းအကျင်းမလှတဲ့ညထဲကမိငယ်

ငြိမ်နေမလို့ပဲမိငယ်


အရေးဆို ကိုယ်တို့ဂျက်ကီလေးက


အမြီးပဲ့နံ့နံ့ပြတတ်တာမင်းအသိပဲ



ရင်မချိပေမယ့်


မနက်တွေကိုလေပြေသိပ်ထိုးထားတော့


စိတ်မချတချနဲ့


အိပ်မရတဲ့ညတွေက


ကိုယ့်ကိုခိုစီးလာတယ်



တကယ်ဆို


ကိုယ်တို့ကျားရိုးသွေးတိုက်ခဲ့ရမှာ


ဂျက်ကီလေးကိုသင်တန်းကျောင်းပို့ဖို့


မင်းကိုပြောခဲ့မိသား


မင်းပဲအချစ်ပိုခဲ့တာလေ



အပြစ်ဆိုမလို့ပဲ


စနစ်တွေကဒိုင်ပင်ထိုးနေတော့


အချစ်ကပြောက်ပြောက်သွားတယ်



ကတ္တီပါကော်ဇောလေးဝယ်တုန်းကလဲ


ဂျက်ကီပဲအရင်ဖျက်တယ်


မင်းပဲပြောတယ်လေ


သင်ရင်တတ်တယ်ဆို


အခု


အနံ့ဆိုးတွေကြားမှာညအိပ်ရပြီ



ဂျက်ကီလေးကိုကိုယ်လည်းချစ်ပါတယ်


တိရစ္ဆာန်ရုံမှာကျားရိုးသွားတောင်းရအောင်နော်


ပြီးရင်


ကိုယ်တို့သင်တန်းကျောင်းပို့ကြတာပေါ့ ။



                                  ကိုရေခဲ




Posted via Blogaway

Friday, October 19, 2012

မင်းကို ငါ အရမ်းချစ်တယ်

မင်းကို ကိုယ် အရမ်းချစ်တယ်
တကယ်တော့  ချစ်တဲ့အကြောင်းကိုပြောရရင် တော်တော်ခက်ပါရဲ့  ။
ဒါပေမယ့်  ကြိုးစားပြီး ပြောကြည့်မယ် ၊
မင်း နဲ့ ကိုယ်ဟာ
တစ်ဦးကို တစ်ဦး အလေးထား  ၊ အပြန်အလှန်လေးစားကြတယ်
တစ်ဦးပေါ် တစ်ဦး ထားရှိတဲ့ ခံစားမှု့ဟာ လူတွေအားလုံးထက်ပိုတယ်ဆိုတာ
မင်းလည်းသိတယ် ကိုယ်လည်းသိတယ် ၊
မင်းဟာ ကိုယ့်အတွက် အံသြခြင်းတွေသယ်ဆောင်လာတဲ့သူ
ကိုယ့် အတွက်တော့ မင်းက ပဉ္စလက်အတတ်တွေနဲ့ ပြည်စုံတဲ့
မှော်ဝင်လက်တစ်စုံ ပိုင်ဆိုင်သူပါ
အရာမဟုတ်တာတွေတောင် အရုပ်လုပ်ပြီး မြင်ကြည်မိနေရဲ့
အချစ်ရဲ့ လေးနက်မှု့ဆိုတာ ကိုယ်ကောင်းကောင်းမသိပေမယ့်
ကိုယ့်အတွက်တော့မင်းဟာ ကလေးငယ်တစ်ယောက်လို
ဘယ်သွားသွား ဘာလုပ်လုပ်
ကြည့်ရင်းကြည်းနူးနေမိတဲ့ ငါ့အတွက်
ကြီးမြတ်တဲ့အချိန်တွေကို ပိုင်ဆိုင်ရသလို
အလုပ်သွားရင်တောင် အရိပ်တွေပါ ပါ လာတတ်တော့
မင်းဟာ ကိုယ့်အတွက် အချစ်တစ္ဆေများလားပေါ့
ဒါပေမယ့် စွဲလမ်းမှု့ ကြောင့်ရတဲ့ အဲဒီပျော်ဝင်မှု့ကိုလဲ
တစ်ယောက်ထဲပြုံးရင်း ကြေနပ်နေမိပြန်ရော
အချစ်ဆိုတာ ပုစ္ဆာတစ်ပုဒ်ဆို ကိုယ် အဖြေကိုရှာဖို့ကြိုးစားမည် မဟုတ်ပါ
အဲဒီ ပုစ္ဆာ ရဲ့ အဖြေကို ပြောမပြတတ်ဘဲ ရင်ဘတ်နဲ့ ပြည့်နေလို့ပဲ
မင်းကို ကိုယ် အရမ်းချစ်တယ်
ဒီလိုပဲ
အရမ်းချစ်နေလိမ့်ဦးမယ်ဆိုတာ ဘာသာ သိမြင်ခံစားနေရရဲ့  ။
                                                     

                                                            မောင်ရေခဲ



သခင် ... သို့

နင်က
ငါ့ဝိညာဉ်ကိုစောင့်ရှောက်သူပါ
တိတ်တိတ်ကလေးကြေကွဲရတဲ့နေ့တွေ
ရင်ခွင်ထဲမှာချော့သိပ်
အနက်ရိပ်ကင်းမဲ့ဇုံမှာရှင်သန်စေခဲ့တယ်   ။

နင်က
ငါ့ရဲ့ လက်ရှိဓလေ့တွေကို
အကုန်ပွေ့ပိုက်ထားသူပါ
အညှာချင်းဆက် လင်းလက်
လက်တစ်ဖက်စာ ရေတွင်းနဲ့
ပြည့်ဝစေခဲ့တယ်  ။

နင်က
ငါ့ရဲ့ အတိတ်တရားတွေကို
ချိတ်ထားစေသူပါ
မျှော်လင့်ချက်တို့ကြွေကျရာ
မြေခမယ့်စိတ်ဓာတ်
အရိပ်လက်နက်တွေနဲ့မြှင့်တင်ခဲ့တယ်   ။

နင်က
ငါ့ရဲ့ အနာဂတ်တရားတွေကို
ပြတ်သားစေသူပါ
အကြွင်းမဲ့သံသယ
ခပ်လွလွ လွှတ်ချ
အလွတ်ရတဲ့ ယုံကြည်မှု့နဲ့
အကုန်ကြည်ဖြူစေခဲ့တယ်  ။

နင်က
ငါ့ရဲ့ အရှင်သခင်ပါ
အသွင်အပြင်တွေဘေးချိတ်
ပကာသနတွေ မှေးမှိတ်
နှလုံးသွေးအလှတရားတွေနဲ့
ဘဝကမ်းပါးက ဆွဲတင်
ငါ့ကို ...အသွင်တင့်စေသူပါ  ။

မောင်ရေခဲ




Thursday, October 18, 2012

တဒင်္ဂ

**   ရိပ် ခနဲ မြင်မိတဲ့တဒင်္ဂ
       ရ ရ သမျှ အချိန်
     ပြန်လိုချင်လိုက်တာကွယ်
ယဉ်မိသမျှစိတ်ကူး
ရူးလောက်အောင်ချစ်မိ
အပြစ်ရှိရင်လည်စင်းခံမယ်

**  လှစ် ခနဲ ပြန်တွေ့
ခပ်ထေ့ထေ့အပြုံးတွေနဲ့
ငါ့ကိုယ်ငါ
ပြီးတော့ ... နင်
ပါးစပ်တို့စွံ့ အ
တဒင်္ဂ အသက်မဲ့ခဲ့ကြတယ်လေ
ချစ်မိတဲ့ရင်ဘတ်
နှစ်ကိုယ်တူသော့ခတ်
အထပ်ထပ်ချည်နှောင်
မောင် မှ မောင်ပါပဲ တဲ့

**     ထိတ် ခနဲဖြစ်တဲ့တခဏ
         စိတ်စေရာတွေးခေါ်
      တစ်ခါတစ်ခါတွေးပျော်
တစ်ခါတစ်ခါမှာတော့လဲအတွေးချော်မိတာပါပဲလေ
ချော်မိတဲ့ဒီအချိန်
ရေချိန်တွေမလွန်ခင်
ရင်ချင်းအတ်အဖြေညှိ
ချစ်မိတဲ့ရင်ဘတ်
ယုံကြည်ချက်တွေဆက်စပ်
နှစ်ကိုယ်တူ ဝ ကွက်အပ်
ချစ်တတ်တဲ့ချစ်သူတွေရဲ့ဆုံမှတ်ဟာ
ဘယ်ငြိမ်းချမ်းပါ့မလဲကွယ်   ။။

                       မောင်ရေခဲ


 

Tuesday, October 16, 2012

သေသပ် လွမ်း

တိတ်တိတ်ဆိတ်ဆိတ်နေတဲ့ အခန်းထဲ
အသံတွေဆူနေတာ
ငါ  ...ကြားတယ်
သူတို့ကတော့ပြောရဲ့
မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း ပေါ့
တကယ်ပါ 
ပေါက်ကွဲသံတွေ
အလွမ်းတွေ
လွမ်းဆွတ်မှု့တွေကို ဘယ်လိုမြင်ကြတယ်မသိ
ငါ ကတော့
မျက်ရည်ဝတ်စုံတွေဝတ်ပြီး
ခြေသံမဲ့ဝင်လာတတ်တယ် လို့ယုံကြည်နေတယ်
တစ်ခါတစ်ခါ အလဟဿ ကျေးကျွန်ဖြစ်ရဲ့
ပုဆိန် လေး ဓားတွေ မပါတဲ့
အို လေပြေညှင်း
 ငါ့ဆီ တလှမ်းချင်းလှမ်း
ချောင်းတစ်ချက်ဟမ်းခဲ့ပါ ....
မသိစိတ်ရဲ့နိုးကြားမှု့ကြောင့်သာသိရတဲ့
ဦးနှောက်မျိုး ငါ အလိုမရှိလို့ပါ
တဒိန်းဒိန်းမြည်ဟည်း
ခပ်ညည်းညည်းလေးလဲလုပ်သွားပါ
ဒါမှ ငါက တုန်ခါထုရိုက်နှုံးကို နားလည်မှာမို့လို့ပါ
ပြီးရင် 
ထားခဲ့ပါ
မခမ်းနားတဲ့ရပ်ဝန်းမှာ ပိုသန့်စင်စေချင်လို့ပါ

                                                                                                    မောင်ရေခဲ
                                               
 

ခမ်းသွားတဲ့လေ

ဝိညာဉ်တွေပျော်မြူးတဲ့ည
အလင်းရောင်ဖြာကျနေတဲ့
ပြတင်းပေါက်ရဲ့မျှော်လင့်ချက်
ရွေးချယ်ခွင့်မရှိတဲ့သံယောဇဉ်
ဗလာကျင်းပြီးဖြစ်တဲ့ ရင်ဘတ်
ခပ်နက်နက်တူးလို့မရတော့တဲ့အလွမ်းတွေ
အခု
မခမ်းနားတော့ဘူးလေ
ကန်ဘောင်လေအဝှေ့မှာ
ခပ်ထေ့ထေ့တေးသွားလေးတွေနဲ့အတူ
ဒီနေ့
အချစ် နေ့ လို့သတ်မှတ်မယ်
စည်းတွေကိုခဝါချ
ထပ်တူကျတဲ့အရာတွေရှိသရွှေ့
 ဒီနေ့ဟာ မကုန်ဆုံးတော့ဘူး
အာဒံ နဲ့ဧဝ တို့ရဲ့ ဆုံမှတ်တစ်ခု
ငါတို့တွေရဲ့ မှော်ဝင် လက်တစ်စုံ
နေ့ရှိသရွှေ့ကခုန်နိုင်ဖို့
ကဝေတစ်ကောင်ရဲ့ အသက်တစ်ချောင်းဟာ 
မရှိမဖြစ် လိုအပ်တယ်
ဘာဖြစ်လဲကွယ်
ဆောင်းနှင်းအဝတ်ကိုခြုံ
ကျောင်းတော်ကြီးရဲ့လမ်းဆုံမှာ
ငါ ....နွေ ကိုမလွမ်းတော့ဘူး
ရင်ခုန်သံတွေမခမ်းသရွေ့
ဒီနေ့ပဲတမ်းတတော့မယ်

                                မောင်ရေခဲ

Thursday, October 11, 2012

ဒြပ်မဲ့

 ***  နုသစ်ဖူးရွ
         ဂန္ထဝင်အလှတရားတွေတေးသီတဲ့ ညမှ
         အလွမ်းဝေသီ
         ပန်းတွေမညီမညာဖြစ်
        " ရင် ညှစ်ခံရတယ် "  တဲ့
        အတွေးအသတ်ခံရတဲ့လူတစ်ယောက်က
        ကယောက်ကယက်နဲ့
        ဆောင်းလယ်အိပ်မက်လို
        သူ့ ကိုပြောတယ်

*** ထင်မှမထင်ဘဲကွယ်
      ဝေဒနာပြတင်းကငုံ့ကြည့်
      ရိရွဲနေသောအပိုင်းအစများ
      ကံကြမ္မာရိုင်းလေတော့
      သံသရာဆိုတာ ခိုင်းစရာမှမလိုတာ
      ကပိုကယိုနဲ့ကိုရောက်လာတတ်တာလေ
*** ဂြိုဟ်စီးဂြိုဟ်နင်းတွေ
      ကုန်စင်အောင်ငါမသိပေမယ့်
      စခန်းသင့်ရင်တမ်းချင်းတွေရွတ်ဆိုဖို့
     မြောက်ပြန်လေနဲ့အတူရောက်လာတတ်တဲ့
      ငှတ်တစ်အုပ်ရဲ့ခြေသံကို
     ငါကြားတတ်လာတယ်
     အလွမ်း +အဆွေးတွေကြား
     ကြားညှပ်ညှပ်သွားတယ်
***အိပ်တန်းဝင်ချိန်ကိုစောင်နေတဲ့ငှက်ကလေးရေ
     ငါ့ရဲ့ မထုံတတ်သေးဝေဒနာတွေကို
     အတောင်လေ နဲ့ ခတ်ပေးပါ
     ရင်ခြင်း ဂျက်ပင်ထိုးဖို့
     လှိုင်မင်းသမီး ရဲ့ စိန်ခြူကြာညောင် ကဗျာလေးနဲ့
     တေးဆိုပါ
     ငါ ငိုပါရစေ
      ဒီနေ့
      အိပ်မက်အသေတွေရဲ့ဈာပနမို့ပါ

                                                        မောင်ရေခဲ


မြင်တော်မူ

ဆွေးဘက်ကယ်ကြုံ
ဖော်မစုံဘုံဘဝ
ပူကြွဗျာဝေ
ခြေမခိုင်
ရင်ယိုင်ခဲ့လို့
လှိုင်ဝဲတဲ့ဆွေးမပြေ
ဆွတ်ပျံ့လွယ်နှင်းတွေနှင့်
အညာမြေနွေအကူးမှာမှ
သွန်းတဲ့လေပြေ
အံခဲကာ
အလံလှဲရတယ်
မြေခဗျာပွေ
ပျက်ကြွေဖွယ်ဘနန်း
ဘဝအဖုံဖုံ
စုကျတယ်
အလွမ်းဘုံက
ကြယ်ကြွေကုန်မျှော်ကာတွေးသော်လည်း
ကျောမလုံ
ပူအုံကြွသူအတွက်
ကျွေးဝဋ်သစ်ဖြန်း

                                                မောင်ရေခဲ

 

တိမ်လွှာမဲ့တမ်းချင်း

                  အပြင်မှာမိုးတွေရွာနေပြီအမေ ....
                                           ထစ်ချုံးရိုင်းစိုင်း ......
                လေနီရိုင်းတွေနဲ့အတူတူ .....
မိုးရွာပြီဆို အမေ ပြောပြောနေကျစကားလေး .....
                                                 သားကြားယောင်နေ ....
               သားရယ်
" မိုးဆိုတာ ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတ  
               အေးမြခြင်းရဲ့ သင်္ကေတ " လို့အမေပြောခဲ့တယ်နော်  ၊          
                                                           ခုတော့ အမေရယ် .....၊
အပူရောင်လွှမ်းပြီး ၊ နွမ်းလျ  ၊ အမေ့ကိုပဲ သတိယနေတယ်လေ ...၊ ခုဆို အမေကော ...
         သူတို့ပြောတဲ့ ကောင်းကင်ဘုံမှာပျော်နေမလား  ၊ သားကိုသတိယနေမလား  ၊ ဒါမှမဟုတ် မေ့နေမလား  ၊ သားကတော့ ငယ်ငယ် အမေချော့သိပ်နေကျ စကားလေး...
 " မိတ္ထီလာကန်တော်အောက်က ဖားကောက် ခဲ့ပါ "  တေးလေး ...၊
ကြားယောင်ရင်းအိပ်ပျက်ညတွေနဲ့ ရင်းနှီးနေပြီအမေ  ၊ အမေ့ကိုလွမ်းတယ်အမေရယ်...
             ငယ်ငယ်ကဆို   " တော်တော်ဆိုးမယ့်သား "  " သားဦးစနေဆိုတော့ ဒီလောက်တော့ရှိမှာပေါ့ "
ပတ်ဝန်းကျင်ရိုက်ခတ်တဲ့စကား ...အမေ့နားမှာ အံမဝင်ခဲ့ဘူးနော်  ။
 " ကျုပ်သားက ဆိုးတာမဟုတ်ပါဘူးတော်  ၊ လူမှန်တော်ရေ ... ရမ်းကားတာမှမဟုတ်တာ  ..၊ သူတို့က
ဘာသွားလုပ်မှန်းမှမသိ  ၊ ဖြစ်လာတော့မှ ကျုပ်သားကိုအပြစ်ပုံချတာ " လို့ အမြဲပြန်ချေပ တတ်တဲ့အမေ
သားဘက်မှာအမြဲရှိတဲ့အမေ ၊ ခုကော
            ကောင်းကင်ဘုံကနေ အမေ ငဲ့ကြည့်နေမလား    ၊   မျက်နှာမဲ့ပြီးကဲ့ရဲ့နေမလား   ၊
" ဒါမှအမေ့သား " လို့ ဟစ်ကြွေးနေမလား....၊ သားသိချင်တယ်အမေ
            ခုတော့
                     မရိုးနိုင်တဲ့နေရက်တွေကြား  ၊ သားအရင်လိုမဆိုးတော့ပါဘူးအမေ ၊ အမေပြောတဲ့စကားတွေ ပြန်ကြားယောင်ရင်းပေါ့ 
" သားရယ်
        ဆရာတော်တစ်ပါးရေးထားတဲ့စာသားလေး အမေပြန်ပြောပြမယ်နော် ၊
 အမေ..၊အဖေ ..၊ ဆွေမျိုး  ၊မိတ်ဆွေတွေ ပြုလုပ်မပေးနိုင်တဲ့ အရာ ..တစ်ခုရှိတယ် 
                အဲဒါကတော့ စိတ်ထားကြီးမြင့်အောင် ကျင့်ကြံနေထိုင်ခြင်းပဲ သားရဲ့  ၊  ဒီတော့ သားရယ်
လိမ္မာအောင်နေပါ  ၊ ယဉ်ကျေးစွာဆက်ဆံပါ  ၊ ဒေါသနည်းအောင်လဲနေနော် ၊ အရာသည်းခံ စိတ်လေးနဲ့
နေကြည့်ပါလားသားရယ် "
            အမေ့စကားသံတွေ ရင်အုံရိုက်ခတ်တိုင်း ဘာသာရေး အသိတွေ တစ တစ ဝင် ၊ သားလိမ္မာအောင် သင်နေပါတယ် အမေ ၊
            တစ်ခါ တစ်ခါ ဘဝကို ဒုံးစိုင်း မြင်းရိုင်း တစ်ကောင်လို့ စေ့စားပစ်လိုက်ချင်ရဲ့ ၊ အမေ့ရဲ့ စကားသံ
တွေအတိက် ကနေ ဆွဲမခေါ်ဖြစ်ရင်ပေါ့ ၊
            " လူမှန်ရင် အပူဒဏ်ဆိုတာ
လူတိုင်းခံစားရတတ်တာပဲလေ သားရဲ့  ၊  ငါ့ကျမှ ကွက်ပြီးခံစားရတယ် " လို့တွေးမိရင် ဘယ်လူပီသတော့
မလဲ ၊ "
               " မြေကြီးဆိုတာ လူတိုင်း အနင်းခံ ရတာပဲလေ ၊ သူနင်းလို့ ငါနာလိုက်တာ ၊ သူ့တွင်းကြောင့်
အလှတွေ ဗလာကျင်းသွားပြီ " ဆိုပြီး မညည်းညူးဘူး ၊ ဒီတော့သားရယ်
                     ဒုက္ခ သုက္ခတွေ သားတစ်ယောက်ထဲ ပဲ ခံစားရတယ်လို့ မတွေးနဲ့လေ ..၊ 
       သြော် ငါ့လို ပဲ ခံစားရတဲ့ သူတွေလဲ မနည်းမနော ပါပဲလား လို့ တွေးပြီး
လုပ်စရာရှိတာဆက်လုပ်      ၊       သားလုပ်ရင်ဖြစ်မှာပါ သားရဲ့
ကျနော့်ကိုအားတွေ ပေးခဲ့တဲ့အမေ ၊      သတ္တိတွေ ပေးခဲ့တယ်အမေ ၊   လွမ်းတယ်အမေရယ် ....
                                        " နွေ၏အလွန်
                                         မိုးငွေ့သွန်းသော်
                                          ကျနော်အိမ်ပြန်ရတော့မည် " (ဆရာနွမ်ဂျာသိုင်း)
 ဟုတ်တယ် အမေ  ၊  ဒီချိန်ပဲ   သားတို့နဲ့ အမေဝေးခဲ့ကြတာ ၊  သားတို့ဆွေးခဲ့ကြတာ   ၊
မိုးကိုချစ်တဲ့အမေ   မိုးရေစက်တွေကြားမှာေ  ပျာက်ကွယ်ခဲ့တယ်   သူတို့ကတော့ပြောတယ်
မင်းတို့အမေ မင်းတို့ကိုထားသွားပြီ  " တဲ့
သားမထင်ဘူးအမေ   ၊  အမေခုထိ သားအနားမှာရှိတုန်း  ၊  နွေထွေးနေတုန်း  ပါ  အမေရဲ့  ...
                    အမေ့စကားတွေကသက်သေပဲလေ ....
အလွမ်းတွေ မခမ်းသေး သရွေ့ ရောရမ်း ပြီး  မိုးတွေကိုကျိန်ဆဲနေလို့လားမသိဘူး
မိုးစက်တွေတောင်ဆဲလုလု    ၊     ည ကာလ ဟာ
ကြယ်မစုံသလို လေတစ်ချက်သွေ့ရင်တောင် ချောက်ခြားမှု့တွေနဲ့ဖွဲ့သီနေတယ် ၊
စိတ်ကိုစိတ်နဲ့ပြန်ထုထောင်း ရင်း 
အတိတ်တွေကိုဆွဲခေါ် 
သားပျော်တတ်အောင်နေပါ့မယ်အမေ
            
                                                                    မောင်ရေခဲ